အစ်ကိုကြီးဖြစ်တဲ့အခါ

အစ်ကိုကြီးဖြစ်တဲ့အခါ

Brand: True Learning
SKU: 9781041347903
4800.00 MMK Out of stock Buy at Merchant

တစ်ခါတစ်လေ ကျွန်မတို လူကြီးတွေတောင်မှ အမေက နင့်ထက် ငါ့ကိုပိုချစ်တာဆိုပြီးပြိုင်ကြသေးတယ်မဟုတ်လား? အဲ့လိုပဲ ကလေးတွေဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် လူကြီးတွေက ဘယ်သူ့ကို ပိုချစ်လဲဆိုတာကို ပြိုင်ကြပါတယ် ။ ပထမကတော့ တစ်ယောက်တည်းပဲရှိကြတာဖြစ်တဲ့အတွက်ကြောင့် ဝိုင်းပြီးချစ်ကြတယ် ၊ ဂရုစိုက်ကြတယ်ဆိုပေမယ့် ကလေးလေးနောက်တစ်ယောက် ရလာတဲ့အခါမှာတော့ အရင်လို ဂရုမစိုက်နိုင်တော့တာမျိုးတွေရှိလာပါတယ် ။ ဒါတွေကို သူတိုလေးတွေအနေနဲ့ ငါ့ကို မချစ်ကြတော့ဘူး ။ အငယ်လေးကိုပဲ ပိုချစ်တာ ဆိုတဲ့ အတွေးလေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ အဲ့လိုအတွေးလေးတွေရှိတဲ့အခါမှာ ပိုချစ်တာခံနေရတယ်ဆိုလို ခံစားရတဲ့သူကို အမြင်မကြည်တော့တာ မုန်းတာလေးတွေရှိတတ်ပါတယ် ။ အဲ့လိုအတွေးလေးတွေမရှိအောင် စိတ်လေးအေး‌ချမ်းနေအောင် ဘယ်လို‌စိတ်လေးထားရမလဲဆိုတာကို ""အစ်ကိုကြီးဖြစ်တဲ့အခါ"" ဆိုတဲ့ စာအုပ်လေးထဲမှာ ကလေးတို စိတ်ဝင်စားအောင် ပုံဖော်ပေးထားပါတယ် ။ ဒီ့အတွက်ကြောင့် နောက်ဘေဘီလေးတွေယူမယ့် မေမေတိုပဲဖြစ်ဖြစ် ဒီစာအုပ်လေးကို ကျိန်းသေဝယ်ပြီး ညီလေးတွေ ၊ ညီမလေးတွေ ရတော့မယ့် ကိုကိုကို ဖတ်ပြသင့်တဲ့ စာအုပ်လေးတစ်အုပ်ဆိုလည်း မမှားပါဘူး ။ "

Variants (1)
  • Default Title — 4800.00 MMK — Out of stock

How AI sees this product

The more complete this product's details, the more confidently AI assistants can understand and recommend it.

78%