ပထမတန်း မြန်မာဖတ်စာ-လေ့ကျင့်ခန်းများ (၅အုပ်တွဲ) (Condition - Unboxed)
ပထမတန်း(Grade 1)ကလေးငယ်တို့ -မြန်မာစာအခြေခံပိုင်နိုင်ကျွမ်းကျင်စေဖို့... -ဗျည်းအက္ခရာတွေ၊ သရရေးသားနည်းတွေ၊ ဗျည်းတွဲရေးသားနည်းတွေကို ကျွမ်းကျင်စွာ ရေးတတ် ဖတ်တတ်စေဖို့... မြန်မာနိုင်ငံရဲ့ ပထမတန်းသင်ရိုးနဲ့အညီ ပြုစုဖန်တီးထားတဲ့ True Learning ရဲ့ (၅)အုပ်တွဲ မြန်မာစာလေ့ကျင့်ခန်း Box ကြီး ဖြစ်ပါတယ်။ ဒီBoxထဲမှာဆိုရင် ပထမတန်းမြန်မာစာလေ့ကျင့်ခန်းများကို -အခန်း(၁)မှ(၃)ထိ တစ်အုပ် -အခန်း(၄)မှ(၆)ထိ တစ်အုပ် -အခန်း(၇)မှ(၉)ထိ တစ်အုပ် -အခန်း(၁၀)မှ(၁၂)ထိ တစ်အုပ် -အခန်း(၁၃)မှ(၁၅)ထိ တစ်အုပ် ဆိုပြီး စုစုပေါင်း(၅) အုပ်ပါ၀င်ပါတယ်။ ဒီလေ့ကျင့်ခန်း စာအုပ်တွေထဲမှာ ဆိုရင်တော့ သားသားမီးမီးတို့ ပျော်ပျော်ပါးပါး လေ့ကျင့်နိုင်စေဖို့ သင်ခန်းစာတွေကို ဉာဏ်စမ်းဂိမ်းလေးများ၊ ဆေးရောင်ခြယ်ခြင်းများစသဖြင့် စိတ်၀င်စားဖွယ်လေ့ကျင့်ခန်းများစွာ ပါ၀င်တာမို့ သားသားမီးမီးတို့အနေနဲ့ ဆရာ မလိုဘဲ အိမ်မှာတင် မေမေနဲ့ လေ့ကျင့်နိုင်တာမို့ အိမ်မှာပထမတန်းအရွယ် ကလေးလေးရှိတယ်ဆိုရင်တော့ မေမေတို့ရေ ခုပဲ ၀ယ်ထားလိုက်တော့နော်။
Variants (1)
- Default Title — 24000.00 MMK — Out of stock
AI Readiness
Good foundation, but some important product data is still missing.