ကျွန်တော့်သူငယ်ချင်းဂြိုဟ်သူမလေး

ကျွန်တော့်သူငယ်ချင်းဂြိုဟ်သူမလေး

Brand: True Learning
SKU: 9785137659758
4800.00 MMK Out of stock Buy at Merchant

သူငယ်ချင်းတွေကြားမှာအပယ်ခံရဖူးလား ? မိသားစုတွေကြားမှာ ကိုယ်က ဘာမှမဟုတ်သလို ခံစားရဖူးလား? ဝလို့၊ စာညံ့လို့ဆိုပြီး အလှောင်ပြောင်ခံရဖူးလား? အပေါင်းအသင်းမရှိ၊ နားလည်မယ့်သူမရှိလို့ တစ်ယောက်တည်း အထီးကျန်နေရတဲ့ ကောင်ငယ်လေးဆီကို သူငယ်ချင်းတစ်ယောက်ရောက်လာတယ်။ ပြီးတော့လည်း အဲဒီသူငယ်ချင်းက ကမ္ဘာမြေကမဟုတ်ဘဲ တခြားဂြိုလ်ကပါတဲ့။ မတူညီတဲ့ပုံပန်းသွင်ပြင်ပေမယ့် စိတ်သာတူရင်ပေါင်းလို့ရတယ်။ မတူညီတဲ့ နေရာဒေသတွေကဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက်နားလည်တဲ့အခါ အတူရှိလို့ရတာပဲလေ။ အပယ်ခံဖြစ်နေတဲ့ကလေးတစ်ယောက်က ရှားရှားပါးပါးရလာတဲ့သူငယ်ချင်းလေးကို တန်ဖိုးထားတယ်၊ ကာကွယ်ပေးတယ်။ သူ့သူငယ်ချင်းလေးကလည်း သူ့ကိုပြန်စောင့်ရှောက်ပေးတယ်၊ စာတွေသင်ပေးသေးတယ် သူတို့ခင်မင်ရင်းနှီးမှုကအတိုင်းအဆမဲ့။ ဒါပေမယ့် ဂြိုလ်သူမလေးဟာ ဒီကမ္ဘာမှာ အကြာကြီးနေလို့မရတဲ့အခါ သူ့နေရာကိုပြန်ဖို့အတွက် ဘာတွေလုပ်ရမလဲ။ ကောင်လေးကရော သူ့သူငယ်ချင်းကို ဘယ်လိုကူညီမှာလဲ။ လူနဲ့ဂြိုလ်သားအကြားက မေတ္တာတရားကို နက်နက်ရှိုင်းရှိုင်းမြင်တွေ့ရစေမှာဖြစ်ပြီး သူငယ်ချင်းဖြစ်ဖို့အတွက် ဘာကန့်သတ်ချက်မှရှိမနေတာကို ခံစားသိရှိနိုင်ဖို့ "ကျွန်တော့်သူငယ်ချင်း ဂြိုလ်သူမလေး” စာအုပ်ကိုဝယ်ယူဖတ်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။

Variants (1)
  • Default Title — 4800.00 MMK — Out of stock

How AI sees this product

The more complete this product's details, the more confidently AI assistants can understand and recommend it.

78%