Dark Shadow – Myay Hmone Lwin
ဆရာမြေမှုန်လွင်ရဲ့ ဝတ္ထုလတ်တစ်ပုဒ်ဖြစ်တဲ့ အရိပ်တကြည့်ကြည့်စာအုပ်ကို အခြေခံပြီး ရုပ်ပြဝတ္ထုအဖြစ် ပုံစံသစ် ထွက်ရှိလာတာ ဖြစ်ပါတယ်။ ကိုကျော်အောင်ဟာ ရုံးတစ်ခုရဲ့ အရာရှိတစ်ယောက်ဖြစ်ပြီး သာယာပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူရဲ့ သာယာတဲ့ဘဝလေးဟာ ရာထူးတိုးတဲ့နေ့ကနေစတင်ပြီး ပြောင်းလဲလာတော့ပါတယ်။ မိမိရဲ့ အရိပ်ကို မိမိထိန်းချုပ်နိုင်စွမ်းမရှိတော့သလို သူတစ်ပါးရဲ့ အရိပ်မည်းများကိုပါ မြင်တွေ့လိုက်ရတဲ့အခါ သူ့တစ်ဘဝလုံးယုံကြည်ခဲ့သမျှ တန်ဖိုးထားသမျှ အရာအားလုံးဟာ ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်ပါတယ်။ အရာရာနဲ့ ဝေးရောကိုပြေးရင်း နောက်ဆုံးမှာတော့ မိန်းကလေးတစ်ယောက်နဲ့တွေ့လိုက်ရပြီး အဆိုပါ မိန်းကလေးမှာ အရိပ်လုံးဝမရှိတဲ့အခါ…. အရိပ်တကြည့်ကြည့်စာအုပ်ကို ဝတ္ထုအဖြစ် နှစ်ကြိမ်ထုတ်ဝေခဲ့ပြီး အခုတစ်ခါမှာတော့ ရုပ်ပြအဖြစ်ပါ ထပ်မံ ထုတ်ဝေလိုက်ပါပြီ။ အရိပ်တကြည့်ကြည့်ရုပ်ပြစာအုပ်ကို ၂၀၂၃ ခုနှစ် ဂျာမဏီနိုင်ငံ Frankfurt Bookfair မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပြသခဲ့ပြီး ပြည်တွင်းမှာတော့ အခုမှ စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ စက္ကူအမျိုးအစားဟာ ပြည်တွင်းဖြစ် အညိုရောင် စက္ကူအမျိုးအစား ဖြစ်ပြီး ၁၀၀ ဂရမ်အထူရှိပါတယ်။ ပုံမှန်စာအုပ်များဟာ ၆၀ ဂရမ်ကိုပဲ သုံးကြတာပါ။ စာအုပ်ချုပ်တဲ့အခါ ထွက်ရှိလာတဲ့ လေလွင့်စက္ကူအပိုင်းအစများကို ပြန်လည် သန့်စင်ပြီး အသုံးပြုထားတာဖြစ်ပါတယ်။
How AI sees this product
The more complete this product's details, the more confidently AI assistants can understand and recommend it.