လိုချင်ရင်ချက်ချင်းရမှဆိုတဲ့ ကလေးတို့ဖတ်ဖို့ (Waiting is Hard)
မိဘတွေဟာ သားသမီးအပေါ်ချစ်တဲ့စိတ်ကြောင့် ကိုယ့်သားသမီးလိုချင်တာရှိလို့ ပူဆာပြီဆိုတာနဲ့ မဖြစ်ဖြစ်အောင်ဖြည့်ဆည်းလုပ်ဆောင်ပေးကြပါတယ်။ ဒါဟာ အစပိုင်းမှာတော့ ကလေးကို ပျော်ရွှင်မှုအပြည့်အဝပေးနိုင်ပေမဲ့ အခြေအနေတစ်ခုခုကြောင့် မလုပ်ပေးနိုင်တဲ့အခါ ကလေးရဲ့ စိတ်ရှည်မှု၊ သည်းခံမှုတွေမှာ ပြဿနာရှိလာနိုင်ပါတယ်။ ကလေးတစ်ယောက်ဟာ သူလိုချင်တာကိုအရင်လိုမရတော့တဲ့အခါ ဒေါသထွက်တာ၊ ဂျစ်တိုက်သောင်းကျန်းတာမျိုးတွေ လုပ်တတ်လာမယ်။ လိုတိုင်းရနေတာဖြစ်တဲ့အတွက် ပစ္စည်းတန်ဖိုးကိုလည်းနားမလည်တော့ဘူး။ ဖြည့်ဆည်းပေးတဲ့မိဘအပေါ်လည်း သိတတ်နားလည်မှုမရှိတော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေမှာ ဒီလိုစိတ်လေးတွေ မဖြစ်ရလေအောင် မိဘတွေအပေါ်လည်း တဖန်သိတတ်နားလည်ပေးတတ်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီစာအုပ်လေးကို ရေးသားထုတ်ဝေလိုက်ရခြင်းဖြစ်ပါတယ်။ Pages: 20
Variants (1)
- Default Title — 4800.00 MMK — In stock
AI Readiness
Good foundation, but some important product data is still missing.