အာတာလွတ်ကြော် အချို

အာတာလွတ်ကြော် အချို

Brand: Easy Bites
SKU: CS1251
7.99 GBP In stock Buy at Merchant

အတာလွတ်ဥ စားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အာတာလွတ်ဥသည် အပူပိုင်းဒေသပင်များမှထွက်သော သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပါသည်။ အရသာ ဆိမ့်ဆိမ့်လေးရှိသော အာတာလွတ်ဥကို ဆီ၊ ဆားတို့နှင့် နှမ်းထောင်းဖြူးပြီး တို့စားကြသလို အာတာလွတ်ဥပြုတ်ကို ပါးပါးလှီးပြီး အုန်းသီး၊ သကြားတို့ဖြင့်လည်း နယ်စားကြပါသည်။ ထို့ပြင် အာတာလွတ်ဥကို မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော် စားလေ့ရှိကြပါသည်။ စျေးချိုချိုနှင့် အရသာဆိမ့်ဆိမ့်လေးရှိသော အာတာလွတ်ဥမှာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆ်ိုတာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ အစာအိမ်ရောဂါကို ကာကွယ်ပေးတယ်။ အာတာလွတ်ဥမှာ Gluten ဓါတ် မပါဝင်လို့ အစာအိမ်နာတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ၂။ အရိုးကို သန်မာစေတယ်။ အာတာလွတ်ဥမှာ ပရိုတင်းဓါတ်နဲ့ သံဓါတ်ကြွယ်ဝစွာပါဝင်လို့ အရိုးတွေကို သန်မာစေပါတယ်။ ၃။ အစာချေစနစ်ကို ကောင်းမွန်စေတယ်။ အာတာလွတ်ဥမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကိုလည်း ကာကွယ်ပေးပါတယ်။ သွေ::တွင်း သကြားဓါတ်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ အမျှင်ဓါတ်ကြောင့် ကိုလက်စထရောများတာတွေကိုလည်း မဖြစ်စေပါဘူး။ ၄။ သွေ::လည်ပတ်မှုကို ကောင်းမွန်စေတယ်။ အာတာလွတ်ဥတွင် ကြေးနီဓါတ်နဲ့ သံဓါတ်ပါဝင်လို့ သွေ:နီဆဲလ်တွေကို တိုးပွားစေပြီး ပင်းပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းတွေကနေ ကာကွယ်ပေးပါတယ်။ သွေ:လည်ပတ်မှုကို ကောင်းမွန်စေလို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ၅။ နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်။ အာတာလွတ်ဥမှာ ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ပြီးတော့ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ဓါတ်ကြောင့် သွေးဖိအားကျစေပြီး လေဖြတ်တာ၊ နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ၆။ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာစေတယ်။ အာတာလွတ်ဥမှာ ဖောလိတ်အက်ဆစ်ပါဝင်လို့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာစေပြီး ရင်သွေးလေးကိုလည်း ကျန်းကျန်းမာမာနဲ့ မွေးဖွားစေနိုင်မှာပါ။ ၇။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးနိုင်တယ်။ အာတာလွတ်ဥမှာ ဗီတာမင်-B အုပ်စုပါဝင်ပြီး သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောလ်ရက်စ် စတာတွေအပြင် တခြား သတ္တုဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အခုလို ဗီတာမင်- B အုပ်စု ကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အာတာလွတ်ဥရဲ့ကျန်းမာရေး ကောင်းကျိုးတွေကို သိပြီးပြီမို့ အာတာလွတ်ဥပြုတ် ပူပူနွေးနွေးလေးကို စားဖို့ မမေ့ကြနဲ့နော်။ သတိပြုရမည့်အချက်များ .... အာတာလွတ်ဥနဲ့ ချောကလက်၊ နို့အေးချောင်း(ရေခဲချောင်း)၊ ဂွေးသီးတို့နဲ့ မတည့်ပါဘူး။ ဂေါက်ရောဂါရှိသူများလည်း မစားသင့်ပါဘူး ခြေဆစ် လက်ဆစ်များ နာတတ်ပါတယ်။ အတာလွတ်ဥ၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ဗဟုသုတအနေဖြင့် Easy Bites က ကာကာလေးတွေသိထားသင့်ပါတယ်❤️

Variants (1)
  • Default Title — 7.99 GBP — In stock

AI Readiness

Good foundation, but some important product data is still missing.

78%