မဟော်ဂနီ အောင်တော်မူ မုဒြာ
အောင်တော်မူဆင်းတုတော် အိမ်မှာဆင်းတုတော်တစ်ဆူကိုးကွယ်တော့မယ်ဆိုရင် ရုပ်ပွားတော်ရဲ့ မျက်နှာတော်နဲ့မုဒြာဟန်ကို ဖူးလိုက်တဲ့အခါ စိတ်ထဲမှာလဲအေးချမ်းမှုကိုဖြစ်စေရမယ် သပ္ပါယ်ကြည်ညိုစရာလည်းကောင်းရမယ်။ လက်ရာလည်းကောင်းပြီး အိမ်ရဲ့ဘုရားခန်းကိုကြည့်လိုက်တာနဲ့ ထည်ဝါနေစေဖို့အတွက် ဆိုရင် ကျွန်မတို့“ကုသိုလ်တော်“က မဟော်ဂနီအောင်တော်မူဆင်းတုတော်ကို လက်ရာမြှောက်အောင်ထုဆစ်ပေးထားပါတယ်ရှင်။ “ဘူမိဖဿမုဒြာ” ဟန်ကဆိုရင် အောင်ခြင်း၈ပါးထဲမှမာရ်နတ်ကိုအောင်တော်မူတဲ့မုဒြာဟန်ဖြစ်ပါတယ်။ ဗောဓိညောင်ပင်အောက်မှာ မြတ်စွာဘုရားကစံတော်မူနေချိန် မာရ်နတ်ကလာပြီးနှောက်ယှက်တိုက်ခိုက်တဲ့အခါမှာ လက်တော်နဲ့မဟာပထဝီမြေကြီးကိုတိုင်တည်ပြီးမာရ်နတ်နဲ့အပေါင်းအပါများကိုအောင်တော်မူနိုင်ခဲ့တဲ့မုဒြာဟန်ဖြစ်ပါတယ်။ “ဘူမိဖဿ အောင်တော်မူ” ဆင်းတုတော်ကို အိမ်တွင်ကိုးကွယ်ပူဇော်ထားမယ်ဆိုရင်တော့ ရန်အပေါင်းကိုအောင်နိုင်စေမယ်။ မကောင်းတဲ့အတိုက်ခိုက်ဘေးအန္တရာယ်မှကင်းဝေးစေမယ်။ စီးပွားလာဘ်လာဘတိုးတက်စေပါမယ်။ ဘုန်းတန်ခိုးအာနုဘော်ကြီးကိုရစေပါမယ်။ တရားထူးတရားမြတ်ရနိုင်ပါတယ်။ ရဲရင့်တည်ကြည်ပြီးစိတ်အေးချမ်းမှုကိုရစေပါတယ်။ ရောဂါဘယကင်းဝေးစေတဲ့အကျိုးများရရှိစေပြီး အိမ်တွင်းကျက်သရေမင်္ဂလာအဖြာဖြာတိုးတက်စေမှာပါရှင်။ ယနေ့တိုင် အောင်တော်မူ ၊ ဘူမိဖဿ ၊ ဗောဓိရိုး စတဲ့အမည်များဖြင့်ကိုးကွယ်ပူဇော်ကြပါတယ်။
Specifications
- Size
- ဥာဏ်တော် ၁၂ လက်မ, ဉာဏ်တော် ၁၈ လက်မ
Variants (2)
- ဥာဏ်တော် ၁၂ လက်မ — 498000.00 MMK — Out of stock
- ဉာဏ်တော် ၁၈ လက်မ — 1480000.00 MMK — In stock
AI Readiness
Good foundation, but some important product data is still missing.